Nytophobia
Saturday, October 20, 2018
လောင်တယ်။
အဲဒီ စောက်ဒဏ်ရာတွေနဲ့ပဲ နာကျင်နေရတယ်။
...
ဘယ်တော့မှ နောင်တမရဘူးဆိုပြီး
ကျောတစ်ချက်အလှည့်မှာ
အရာရာဟာ သေဆုံးခဲ့။
...
ဟာသပဲ။
ချစ်ခြင်းမေတ္တာဟာ
တကယ်ရှိလား။
...
စောက်ပိုပဲ
ချစ်ခြင်းတရားဟာ
rape လုပ်ခံနေရတယ်။
...
ပြေးကြ။
ငါနဲ့ဝေးဝေးပြေးကြ
ငါက
ကိုက်ခဲနေတဲ့သူ
နာကျင်မှုတွေနဲ့သူ။
Monday, October 8, 2018
ကျွန်တော်က
ကြွေလုလုရွက်ဝါလေးပေါ့ မခင်သစ်ပင်။
မတော်တဆလေးကအစ
ကျွန်တော့်မှာ အထိအခိုက်အကျအရှုံးများတယ်။
...
မခင်သစ်ပင် သိလား။
သတိရတဲ့အခါ
ပေါ်လာသမျှ အာရုံဟာ ငရဲချည်း
လောင်နေရတယ်။
အိပ်မက်တွေ မရှိဘဲ
ရှင်သန်လို့ ရလား မခင်သစ်ပင်။
...
ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်တွေကြောင့်ပဲ
ကျွန်တော် ပြိုလဲရတာချည်း...။
...
ခွင့်ပြုပါ။
အေးချမ်းစွာ နားစက်ပါရစေတော့...။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)